Wednesday, July 29, 2009

ခံတွင်းအတွင်းမှအပူနာလေးများ


ကျွန်ုပ်တို့ခံတွင်းအတွင်း၌ အပူနာလေးများ မကြာခဏပေါက်ဖူးကြပါလိမ့်မည်။ လျှာ၊ ပါးစောင်၊ အပေါ်အောက်နှုပ်ခမ်း အတွင်းဖက်တို့မှာ အဖြစ်များတတ်ပါသည်။ ၂ရက် ၃ရက်ခန့်နာပြီး တပါတ်အတွင်း ပျောက်သွားတတ်ကြသည်။ ထိုအနာလေးများကို မြန်မာများက အပူနာဟုခေါ်ပြီး မိမိခန္ဓာကိုယ်အတွင်း အပူအပုပ်များ၍ ဖြစ်သည်ပာုယုံကြည်ကြပါသည်။မြန်မာ ဘယဆေးများဖြစ်သည့် အပုပ်ကျဆေး၊ ၀မ်းနှုပ်ဆေးများသုံးစွဲတတ်ကြပါသည်။
  • အနောက်တိုင်းဆေးပညာအနေဖြင့်Apthous Ulcer ပာုခေါ်သည်။ မိမိတို့၏ ခန္ဓာကိုယ်အမြှေးပါး ( Mucosa ) ပေါ်တွင် တခုခု ထိခိုက်မိလို့သော်လည်းကောင်း၊ Cell ကလပ်စည်းများပျက်င်္စီးခြင်း ကြောင့် သော်လည်းကောင်း၊ မိမိခန္ဓာကိုယ် နှင့် AutoImmune Reaction ဖြစ်ပြီး ထို Ulcer လေးများ ဖြစ်ပေါ်လာတတ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ထို Ulcers (အပူနာလေးများ) ဖြစ်တတ်ပါသည်။


(၁) မျိုးရိုးဗီဇကြောင့်သော်၎င်း၊

(၂) စိတ်ဖိစီးမှုများသောကြောင့် သော်၎င်းး၊
(၃) မာသော ၊ကြမ်းသောအစားအစာများစား၍ခံတွင်းအမြှေးပါး ထိခိုက်မိသည့်အခါသော်၎င်း
( ၄ ) လျှာပါးစောင်ကိုမတော်တဆ ကိုက်မိသည့်အခါသော်၎င်း
(၅) ချွန်ထွက်သည့်သွားများ ၊ ပဲ့နေသည့်သွားများနှင့် ထိခိုက်မိသည့်အခါသော်၎င်း
(၆) ချွန်ထက်သည့် စိုက်သွားအတုများ၊ ကျိုးနေသည့်အာကပ်များ၊ ကျိုးနေသည့် Bridge အသေစိုက်သွားများကြောင့် သော်၎င်း
(၇)ခန္ဓာကိုယ်အပူချိန်တတ်၍ဖျားနာသောအခါများတွင်၎င်း
(၈) သွေးနှင့်ပတ်သက်သောရောဂါများ ဖြစ်သည့် အခါတွင်၎င်း
(၉)ကင်ဆာရောဂါကြောင့်ဓါတ်ရောင်ခြည်ကုသမှု ( Radiotherapy ) နှင့် ဓါတ်ဆေးကုသမှု( Chemotherapy )ခံယူရသည့်အခါများတွင် ၄င်း
(၁၀) HIV ကဲ့သို့သော ကိုယ်ခံစွမ်းအားကျဆင်းသည့်ရောဂါခံစားနေရသည့်အခါတွင်၎င်း
အထက်ပါ အခြေအနေများတွင် ထိုအပူနာလေးများ ခံတွင်းအတွင်းတွင်ပေါက်လေ့ရှိပါသည်။
"အနာသိလျှင်ဆေးရှိ"ဆိုသော မြန်မာဆိုရိုးစကားရှိပါသည်။ မြန်မာလူမျိုးများကအပူကျဆေး၊ အပုပ်ကျဆေး၊ ၀မ်းနှုတ်ဆေးအစရှိသည့် မြန်မာတိုင်းရင်းဆေးများ သုံးစွဲတတ်ကြပါသည်။

အနောက်တိုင်းဆေးအနေဖြင့် Phenolic Acid နှင့် Glycerin ရောထားသည့်ဆေးကို အနာပေါ်တွင် တို့ပေးခြင်းဖြင့် ထိုအနာလေးများပျောက်သွားလေ့ရှိပါသည်။ အထက်ပါဆေးမှာ ရှေးပောာင်းကုတုံးဖြစ်ပါသည်။ ယခုအခါ kenalog in Orabase ဆေးကိုအနာပေါ်တွင် တင်ပေးခြင်းဖြင့်(၂)ရက်(၃)ရက်အတွင်းပျောက်ကင်းစေနိုင်ပါသည်။ တစ်နေ့ကိုသုံးကြိမ်ခန့် တင်ပေးရန်လိုအပ်ပါသည်။ ပါးစပ်အတွင်းရှိ Mucosa ပေါ်တွင် ဆေးအာနိသင်ပြနိုင်သောဆေးတစ်မျိုး ဖြစ်ပါသည်။
  • အရေးကြီးသည့်အချက်မှာ ထိုအပူနာများအကြာခဏပေါက်ပြီး တခုနှင့်တခုဆက်ကာ အနာကြီးများ ဖြစ်လာပါက နီးစပ်ရာဆရာဝန်၊ သွားဆရာဝန်များထံအမြန်ပြသ စစ်ဆေးရန်လိုအပ်ပါသည်။ထိုအနာမျိုး အချင်းဝက် ၁၀ မီလီမီတာ ထက်ပိုကြီးပြီး ၄ ပါတ်ထက်ပိုကြာပါက အနားမှအသားစကိုယူပြီး ဓါတ်ခွဲခန်းတွင် ( Biopsy ) ပြုလုပ်ရန်လိုပါသည်။ ပါးစပ်အတွင်း ဖြစ်သောကင်ဆာရောဂါမှာ အဖုအကျိတ်ထက် Ulcer ဖြစ်သည်ကပိုများပါသည်။အထူးသဖြင့် လျှာ၊ ပါးစောင် ( cheek ) တွင်အဖြစ်များပါသည်။
  • အထက်ပါ အပူနာလေးများမဖြစ်အောင် အောက်ပါအတိုင်း ကြိုတင်ကာကွယ်နိုင်ပါသည်။
( ၁ ) မိမိတို့ နေ့ စဉ်ကြုံတွေ့ နေရသည့် စိတ်ဖိစီးမှုများကို တတ်နိုင်သလောက်နည်းအောင် ကြိုးစားပါ။ ၀ိပဿနာကျင့်စဉ် ( Meditation ) သည် စိတ်ဖိစီးမှုနည်းစေသည့်ကုထုံးတရပ်ဖြစ်ပါသည်။
(၂) ဖျားနာသည့်အခါ ကိုယ်အပူချိန်တက်ခြင်းကို အမြန်ဆုံးကျသွားအောင် ဆေးဝါးများ သောက်သုံးပါ။
(၃) မာသော၊ ကျွတ်သောအကြော်များ၊ Chips များကို တတ်နိုင်သလောက်ရှောင်ကြဉ်ပါ။
(၄) လင်နှင့်မယား လျှာနှင့်သွား ဟူသောစကားကဲ့သို့ လျှာနှင့်သွားများ မကြာခဏထိခိုက်မိတတ်သဖြင့် လျှာကိုမကိုက်မိအောင် သတိထားပါ။ သွားများမညီမညာဖြစ်ပြီး အပြင်သို့ငေါထွက်နေပါက သွားညှိကုသမှု၊ သွားနှုတ်ကုသမှုများ ပြုလုပ်ရန်လိုအပ်ပါသည်။
(၅) ချွန်ထက်ပြီး ရှနိုင်သောသွားများ၊ သွားတုများ၊ အံကပ်များရှိပါက နီးစပ်ရာသွားဆေးခန်းသို့ ပြသ၍ ပြုပြင်ကုသပါ။
(၆) သွေးနှင့်ပတ်သက်သော ရောဂါရှိပါက Haematologist ဆရာဝန်နှင့်ပြသပြီး ဆေးကုသမှုခံယူပါ။
(၇) ကင်ဆာရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ပါ။ ကင်ဆာရောဂါမရင့်မီ စောစီးစွာသိရှိရန် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပါ။
(၈) HIV ကဲ့သို့သော ကိုယ်ခံစွမ်းအားကျဆင်းသည့်ရောဂါကို ကာကွယ်ရန် မိသားစုဆရာဝန်များနှင့်တိုင်ပင်ပါ။
(၉) ဗီတာမင်ဘီအုပ်စု (B-Complex) အထူးသဖြင့် ဗီတာမင်ဘီ၂ (Riboflavin) ချို့တဲ့လျှင် ခံတွင်းအပူနာလေးများ ပေါက်တတ်သဖြင့် ထိုဗီတာမင်မချို့တဲ့အောင် အာဟာရစုံလင်စွာ စားပေးရန် လိုအပ်ပါသည်။ လိုအပ်ပါကအထက်ပါ ဗီတာမင်ပါသောအားဆေးကို မိသားစုဆရာဝန်နှင့် တိုင်ပင်ကာ သောက်သုံးနိုင်ပါသည်။
  • ခံတွင်းအပူနာများ (Oral Ulcer) မပေါက်အောင်ကာကွယ်၍ ဖြစ်လာပါကလည်းအမြန်ဆုံး ပျောက်ကင်းအောင်ကုသခြင်းဖြင့် ခံတွင်းကျန်းမာခြင်းသုခ ရကြပါစေဟု ဆန္ဒပြုလိုက်ပါသည်။

1 comment:

  1. ကျေးဇူးအထူးတင်ပါသည် ဆရာ

    ReplyDelete