Monday, July 27, 2009

သွားမေးရိုး မျက်နှာ ထိခိုက် ဒဏ်ရာရခဲ့လျှင်

သွားမေးရိုး မျက်နှာ ထိခိုက် ဒဏ်ရာရခဲ့လျှင်

  • ကျွန်ုပ်တို့ သည် နေ့ စဉ်သွားလာ၊ လုပ်ကိုင်လှုပ်ရှားနေကြရာ တချိန်ချိန်တွင်ထိခိုက်ဒဏ်ရာရနိုင်ပါသည်။ သာမာန်မတော်တဆထိခိုက်မှုမှ ကား ၊ စက်ဘီး ၊ ရထား ၊ မတော်တဆ ထိခိုက်မှုအထိ ကြုံနိုင်ပါသည်၊ ထိုကဲ့သို့ ကြုံလာလျှင် မိမိကိုယ်တိုင်သော်လည်းကောင်း ၊ တခြား သူများသော်လည်းကောင်း ကြုံလာပါက ဖြေရှင်းနိုင်ရန် ဒီဆောင်းပါးကိုရေးသားလိုက်ရပါသည်၊
  • ပထမဦးဆုံး ဦးခေါင်းနှင့် မျက်စိထိခိုက်ဒဏ်ရာရပါက အရေးကြီးဆုံးအချက် ၃ ချက်မှာ A- Air Way (လေလမ်းကြောင်း )၊ B-Breathing ( အသက်ရှူ ခြင်း) နှင့် C- Circulation ( သွေး သွားလာလည်ပတ်မှု) တို့ ဖြစ်ပါသည်။
  • အထူးသဖြင့် အောက်မေးရိုးကျိုး လျှင်အသက်ရှူ လမ်းကြောင်းကိုပိတ်တတ်သဖြင့် အသက်ရှူ မှုကို နှာခေါင်းအနီးအနား တွင်လေအသွားအလာကိုအကဲခတ်ခြင်းဖြင့် သိနိုင်သည်။ လည်ပင်းသွေးကြောကို လက်ညိုး ဖြင့် စမ်းသပ်ခြင်းဖြင့် သွေးခုန်မှုကို စမ်းသပ်နိုင်သည်။ အကယ်၍ အသက်မရှု ခြင်း ၊ သွေးခုန်မှုမရှိခြင်း တို့ ကိုစမ်း သပ်တွေ့ ရှိလျှင် CPR ( Cardio-Pulmonary Resuscitation) ပြုလုပ်ရပါသည်၊ထိုသို့ လုပ်ရန် အနီးအနားတွင် CPR လုပ်နိုင် ၊ လုပ်တတ် သူများကိုမေးကြည့် ရန် နှင့် မိမိ ကိုယ်တိုင်လုပ်တတ်ပါက အခြားသူများကို 911 ခေါ် ရန် အကူအညီ တောင်းပါ ၊ CPR ကို အသက်ပြန်ရှူ လာသည်အထိ သို့ မပာုတ် လူနာတင်ကား (Ambulance) ရောက်လာ သည်အထိ ပြုလုပ်ရန် လိုပါသည်။
  • ဦးခေါင်းနှင့် မျက်နှာတို့ တွင် ထိခိုက်ဒဏ်ရာ ရပါက သွေးပိုမိုတွက်တတ်ပါသည်။အဘယ့်ကြောင့်ဆိုသော် မျက်နှာ နှင့် ဦးခေါင်းတို့ တွင် သွေးအသွားအလာ ပိုများသောကြောင့် ဖြင့်သည်။ သွေးထွက်လျှင် လက်ကိုင်ပုဝါ သို့ မပာုတ် သန့် ရှင်းသော အ၀တ်ဖြင့် သွေးထွက်သည့်နေရာ ကိုဖိထားပေးခြင်း ဖြင့် သွေးထွက်မှုကို ထိန်းနိုင်ပါသည်။

  • တခါတရံ မေးရိုးနှင့် မျက်နှာကို ထိခိုက် ဒဏ်ရာ ရပါက သွေးမထွက်ပဲ အပေါ် မေးရိုး သို့ မပာုတ် အောက်မေးရိုး ကျိုး တတ်ပါသည်။ ထို အခါမျိုးတွင် နောက်တနေ့၌ မျက်နှာပေါ်တွင်သွေးခြေဥ ခြင်း၊ ယောင်ယမ်းခြင်း ၊ မျက်စိအမြင်တွင် ပုံရိပ်နှစ်ခုပေါ်ခြင်း ၊ ပါးစပ်ပုံမှန်အတိုင်းမပိတ်နိုင်ခြင်း သို့ မပာုတ် သွားကိုပုံမှန်အတိုင်း မကိုက်နိုင်ခြင်း တို့ ဖြစ်တတ်ပါသည်။ ထို့ သို့ ဖြစ်ပါက နီးစပ်ရာဆေးရုံ ဆေးခန်း ၊ သွား ဆရာဝန်ထံ သွားရောက် စမ်းသပ်ကုသရရန် လို အပ်သည်။ မေးရိုးကျိုးပါက တခါတရံ ခွဲစိပ်ကုသမှုလိုပြီင်္း တခါတရံ အပေါ်မေးရိုး ကိုတည်ငြိမ်အောင် steel or Nickel Titanium ကြိုးများဖြင့် ချည်တုပ်ခြင်း ဖြင့် ကုသရပါသည်။

အကယ် သွားကိုထိခိုက်ဒဏ်ရာရပါက ထိခိုက်မှုပေါ် မူတည်၍ ကုသမှု အဆင့်ဆင့် ရှိပါသည်၊ သွားအပေါ်ကြွေသွားလွှာ ( Enamel ) ပဲ့ သွားပါက၊ သေးလျှင်ကြမ်းတမ်းသည့် မျက်နှာ ပြင်ကို ချောအောင် စက်ဖြင့် ညှိပေးရပါသည်။ကြီးလျှင် အဖြူရောင် သွားဖာသည့် composite ဖြင့် ပြန်လည်ဖြည့်ပေးရပါသည်။

သွားအတွင်းပိုင်း မွသား ( Pulp ) ထိခိုက်ပါက သွား မြစ်တွင်း ကုသ မှု ( Root Canal Therapy ) ဖြင့် ကုသပေးရပါသည်။
သွားအမြစ်ကျိုး ပါက အလယ်ပိုင်းမှ ကျိုးလျှင် Intra-Canal Splint ခေါ်အတွင်းပိုင်းမှခိုင်မာအောင် ပြုလုပ်ပေးသည့်နည်းဖြင့် ကုသပေးရပါသည်၊ သွားအမြစ်ထိပ်ကျိုးပါက သွားအမြစ်တွင်းကုသမှုပေးပြီးနောက် သွားအမြစ်ထိပ်ကိုခွဲစိပ်ဖယ်ရှားခြင်း ( Apicoectomy ) ဖြင့်ကုသနိုင်ပါသည်။
  • တခါတရံ သွားများအတွင်းသို့ဝင်သွားခြင်း(Intrusion)၊ အပြင်သို့ထွက်လာခြင်း(Extrusion)၊ သွားများလှုပ်သွားခြင်း(Luxation)၊ သွားနဲ့သွားခြင်း (Mobility)တို့ ဖြစ်ပါက အခြေအနေပေါ်မူတည်၍ ထုံဆေးထိုးပြီး မူလအခြေအနေပုံမှန်ရောက်အောင် ပြန်လည်ပြုပြင်ရပါသည်။ ပုံမှန်အနေအထားရောက်ပါက Stainless Steel သို့မဟုတ် Nickel Titanium Wire များဖြင့် Bonded Splint လုပ်ကာသွားများကို ပြန်လည်တည်ငြိမ်ခိုင်မာအောင် ပြုလုပ်ရပါသည်။ (၆)ပါတ်ကြာသောအခါ Splint ကိုဖြုတ်နိုင်ပါသည်။ Internal Resorption ခေါ်သွားအမြစ်တွင်းပျက်စီးမှုဖြစ်နိုင်သဖြင့် ထိုသွားများကို သွားအမြစ်တွင်းကုသမှု (RCT) တစ်ပါတ်အတွင်းပေးရပါသည်။
  • အတွင်းသို့ဝင်သွားသောသွားများကို ပြန်လည်ဆွဲထုတ်၍မရပါက Orthodontic Brackets, bands and wires များဖြင့် ပြန်လည်ထွက်လာအောင် ပြုလုပ်နိုင်ပါသည်။
  • သွားတစ်ခုလုံးပြုတ်ထွက်လာသောအခါ ထွက်လာသောသွားကို ရေဖြင့်စင်ကြယ်အောင်ဆေးကြော၍ ပါးစပ်အတွင်း၌ငုံထားခြင်းဖြင့် သွားမြစ်ဝန်းလွှာ (Cementum) နှင့် (Periodontal Ligament) ခေါ် အမျှင်များမပျက်စီးအောင် ကာကွယ်နိုင်ပါသည်။ ထိုသို့မပြုလုပ်နိုင်ပါက နို့ရည်သို့မဟုတ် ပုံမှန်ဆားရည်(Normal Saline)တွင်စိမ်၍ နီးစပ်ရာသွားဆရာဝန်၊ သွားဆေးခန်းသို့ နာရီဝက်အတွင်းရောက်အောင်သွားရန် လိုအပ်ပါသည်။ (၈)နာရီထက်ကျော်ပါက သွားအမြစ်ပတ်လည်မှ အမျှင်များပြန်လည်တည်ဆောက်မှုကို အာမ မခံနိုင်တော့ပါ။ ကုသမှုအောင်မြင်ရန် ရာခိုင်နှုန်းနည်းပါသွားပါလိမ့်မည်။
  • တခါတရံ မေးရိုးကျိုးခြင်းကို ကုသရာ၌ ကျိုးသည့်နေရာနှင့်ကပ်နေသောသွားများကို နှုတ်ရပါသည်။ ထို့နောက် Wires များဖြင့်ခိုင်မြဲအောင်ချည်တုတ်ရပါသည်။ အရိုးကျိုးခြင်းကို ကုသရာ၌ မည်သည့်စားဆေး၊ လိမ်းဆေးမှ မလိုအပ်ပါ။ ပထမဆုံး အရိုးကိုမူလအခြေအနေ ပုံမှန်ဖြစ်အောင်ပြုလုပ်ရပါသည်။ ဒုတိယအဆင့်အဖြစ် အရိုးကို ထိုအခြေအနေတွင် ခိုင်မြဲအောင် Splint လုပ်ရပါသည်။ တတိယအဆင့်မှာ (၆)ပတ်ကြာပြီးပုံမှန်အရိုးဆက်သွားသောအခါ Rehabilitation ခေါ်ပြန်လည်ထူထောင်ရေး လုပ်ရပါသည်။ ဤအဆင့်တွင် (၆)ပါတ်ကြာငြိမ်ငြိမ်နေခဲ့ရသော ကြွက်သားများ ပြန်လည်လှုပ်ရှားနိုင်အောင် လေ့ကျင့်ခန်းများ ပြုလုပ်ရပါသည်။
  • အကယ်၍အထက်ပါနည်းများဖြင့် သွားများကိုမေးရိုးအတွင်း၌ ပြန်လည်ကုသမှု မပေးနိုင်ပါက လစ်လပ်သွားသောနေရာတွင် သွားပြန်လည်အစားထိုးမှုကို သွားတံတားခင်းခြင်း(Dental Bridge)[တိုက်ရိုက်ဘာသာပြန်ခြင်း-စာရေးသူ] သို့မဟုတ် သွားအသေစိုက်ခြင်း (Fixed Prosthodontics) သို့မဟုတ် (Dental Implant) ထည့်ခြင်းဖြင့် ပြန်လည်အစားထိုး ကုသနိုင်ပါသည်။
  • နိဂုံးချုပ်အားဖြင့် သွား၊မေးရိုး၊ မျက်နှာနှင့် ဦးခေါင်းတို့တွင် ထိခိုက်ဒဏ်ရာရပါက အထက်ပါအချက်များကို လေ့လာသိရှိထားခြင်းဖြင့် မလိုလားအပ်သော ဆိုးကျိုးများကို ကြိုတင်ကာကွယ်နိုင်ပြီး ပုံမှန်အခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ကြောင်း ရေးသားလိုက်ရပါသည်။

No comments:

Post a Comment