- သွားရောဂါတစ်ခုခုဖြစ်ခြင်း (သို့မပာုတ်) ပုံမှန်စစ်ဆေးခြင်း (check up) ပြုလုပ်လိုပါက အောက်ပါအချက် များကိုကြိုတင်ပြင်ဆင်ထားသင့်သည်။
၁၊ မိမိသွားရောက်လိုသော သွားဆေးခန်း၏ဖုံးနံပါတ်၊ လိပ်စာ နှင့် သွားရောက်လိုသောရက်ကို ရက်ချိန်း (Appointment ) လုပ်ထားရန်။
၂။ မိမိခံယူလိုသောကုသမှု၏ ကုန်ကျမည့်စရိတ်အတွက် ငွေလက်ငင်း ( သို့ မပာုတ် ) Health Insurance ကို ပြင်ဆင်ထားရန်။ Insurance မှမည်မျှပေးမည်၊ မိမိအနေဖြင့် Co-payment မည်မျှပေးရမည် ကြိုတင် သိထားရန် လိုအပ်သည်။
- မိမိရယူလိုသောကုသမှုကို အကြမ်းအားဖြင့်သိရှိရန် သွားကျန်းမာရေး ဗပာုသုတ ရှိရန်လည်းလိုပါသည်။
- မိမိတို့၏သွားများကို ၆လတစ်ကြိမ် သွားဆရာဝန်နှင့် ပုံမှန် အစစ်ဆေးခံရန် (Regular Check-up ) လိုအပ်ပါသည်။
- ထို(၆)လအတွင်း အခြားသွားဝေဒနာတစ်ခုခု ခံစားရပါကလည်း သွားဆေးခန်းတွင်ကုသခံယူခြင်း ( Office Visit ) ပြုလုပ်နိုင်သည်။
- သွားရောဂါတွင် အဓိကအားဖြင့် သွားပိုးစားရောဂါ ( Dental Caries ) နှင့် ရေစီးကမ်းပြိုရာဂါ (သို့ မပာုတ်) သွားဖုံးရောဂါ ( Periodontitis ) များကြောင့် နောက်ဆက်တွဲဝေဒနာများ ခံစားရလေ့ရှိသည်။
- တခါတရံ သွားထိခိုက်မှုဝေဒနာ ( Trauma ) ရတတ်ပါသည်။
- သွားရောဂါများ၏ အကျိုးဆက်များဖြစ်သော သွားတွင်ပိုးစားပေါက် ဖြစ်ခြင်း(Cavity formation)၊ သွားအမြစ်ထိပ်တွင် ပြည်တည်ခြင်း (Apical Abscess)၊ သွားပဲ့သွားခြင်း (Fracture)၊ သွားဖုံးသွေးထွက် ခြင်း၊ သွားနဲ့ခြင်း၊ သွားနှင့် သွားဖုံးကြားမှပြည်ထွက်ခြင်း (Periodontal Abscess) များခံစားရတတ်သည်။ (နောင်တွင် အလျဉ်းသင့်သလို သွားရောဂါများအကြောင်း ရေးသားတင်ပြပါမည်။)
၃။ သွား(ရောဂါ)ကုသမှုရာဇ၀င် (Dental History) နှင့် ဆေးကုသမှုရာဇ၀င် (Medical History) များကို သွားဆေးခန်းရောက်လျှင်ဖြည့်စွက်ရန် ကြိုတင်စဉ်းစားထားရမည်။
- အဓိကအားဖြင့် ဆေးကုသမှုရာဇ၀င်က အရေးကြီးပါသည်။ မိမိတွင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ လေးဘက်နာရောဂါ (Rheumatic Fever)နှင့် သွေးအားနည်းရောဂါ (Anemia) စသည့် ရောဂါများရှိပါက ဆေးကုသမှုရာဇ၀င်တွင် မမေ့မလျော့ရေးသွင်းရန် လိုအပ်ပါသည်။
- မိမိက မည်သည့်ဆေးများကို သုံးစွဲနေကြောင်း ဖြည့်စွက်ရမည်။
- လိုအပ်ပါက သွားဆရာဝန်က မိမိကို ဆေးကုသမှုပေးနေသော ဆရာဝန်ထံဆက်သွယ်ရန် မိမိဆရာဝန်၏ ဖုံးနံပါတ်၊ Fax၊ ဆေးခန်းလိပ်စာများကို အဆင့်သင့်ပြင်ဆင်ထားရမည်။
- အောက်ပါရောဂါများသည် သွားရောဂါကုသမှုမခံယူမှီ ဆေးကြိုတင် သောက်ခြင်း (Pre-Medication) ပြုလုပ်ရန် လိုအပ်ပါသည်။
- Heart Murmurs ရှိခြင်း၊
- နှလုံးတံခါးအတု (Artificial Valve) အစားထိုးထားခြင်း
- မွေးရာပါနှလုံးရောဂါရှိခြင်း၊
- လေးဘက်နာရောဂါဖြစ်ဖူးခြင်း၊
- နှလုံးတွင် (Pace Maker) ထည့်သွင်းထားခြင်း၊
- နှလုံးခွဲစိပ်မှု (Coronary By-pass Operation) ခံယူဖူးခြင်း၊
- ခန္ဓာကိုယ်တွင် အဆစ်တု (Hip Joint/ Knee Joint Replacement) များဖြင့် အစားထိုးထားဖူးခြင်း၊
- ကင်ဆာရောဂါကြောင့် (Radiotherapy or Chemotherapy) ခံယူဖူးခြင်း၊
- ဆီးချိုရောဂါ (တခါတရံ ဆေးကြိုတင်သောက်ရန် လိုအပ်သည်)
- ဆေးကြိုတင်သောက်ခြင်း (Pre-Medication) ဆိုသည်မှာ သွားရောဂါကုသမှုမခံယူမီ တစ်နာရီအလိုတွင် ပဋိဇီဝဆေး (Antibiotic) တစ်ခုခုကို (အသက်အရွယ်နှင့်ကိုယ်အလေးချိန်အရ တွက်ချက်ပြီး) ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း သောက်ခြင်းဖြစ်သည်။ ထိုသို့ မသောက်ပါက မလိုလားအပ်သော အကျိုးဆက်များ ဖြစ်ပွါးနိုင်သည်။
- အထက်ပါအချက်များကို ကြိုတင်ပြင်ဆင်ထားပြီးပါက သင်၏အနေဖြင့် သွားရောဂါကုသမှုခံယူရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း တင်ပြလိုက်ပါသည်။