Saturday, May 16, 2009

သွား(ရောဂါ)ကုသမှုခံယူတော့မည်ဆိုလျှင်...

  • သွားရောဂါတစ်ခုခုဖြစ်ခြင်း (သို့မပာုတ်) ပုံမှန်စစ်ဆေးခြင်း (check up) ပြုလုပ်လိုပါက အောက်ပါအချက် များကိုကြိုတင်ပြင်ဆင်ထားသင့်သည်။
၁၊ မိမိသွားရောက်လိုသော သွားဆေးခန်း၏ဖုံးနံပါတ်၊ လိပ်စာ နှင့် သွားရောက်လိုသောရက်ကို ရက်ချိန်း (Appointment ) လုပ်ထားရန်။
၂။ မိမိခံယူလိုသောကုသမှု၏ ကုန်ကျမည့်စရိတ်အတွက် ငွေလက်ငင်း ( သို့ မပာုတ် ) Health Insurance ကို ပြင်ဆင်ထားရန်။ Insurance မှမည်မျှပေးမည်၊ မိမိအနေဖြင့် Co-payment မည်မျှပေးရမည် ကြိုတင် သိထားရန် လိုအပ်သည်။
  • မိမိရယူလိုသောကုသမှုကို အကြမ်းအားဖြင့်သိရှိရန် သွားကျန်းမာရေး ဗပာုသုတ ရှိရန်လည်းလိုပါသည်။
  • မိမိတို့၏သွားများကို ၆လတစ်ကြိမ် သွားဆရာဝန်နှင့် ပုံမှန် အစစ်ဆေးခံရန် (Regular Check-up ) လိုအပ်ပါသည်။
  • ထို(၆)လအတွင်း အခြားသွားဝေဒနာတစ်ခုခု ခံစားရပါကလည်း သွားဆေးခန်းတွင်ကုသခံယူခြင်း ( Office Visit ) ပြုလုပ်နိုင်သည်။
  • သွားရောဂါတွင် အဓိကအားဖြင့် သွားပိုးစားရောဂါ ( Dental Caries ) နှင့် ရေစီးကမ်းပြိုရာဂါ (သို့ မပာုတ်) သွားဖုံးရောဂါ ( Periodontitis ) များကြောင့် နောက်ဆက်တွဲဝေဒနာများ ခံစားရလေ့ရှိသည်။
  • တခါတရံ သွားထိခိုက်မှုဝေဒနာ ( Trauma ) ရတတ်ပါသည်။
  • သွားရောဂါများ၏ အကျိုးဆက်များဖြစ်သော သွားတွင်ပိုးစားပေါက် ဖြစ်ခြင်း(Cavity formation)၊ သွားအမြစ်ထိပ်တွင် ပြည်တည်ခြင်း (Apical Abscess)၊ သွားပဲ့သွားခြင်း (Fracture)၊ သွားဖုံးသွေးထွက် ခြင်း၊ သွားနဲ့ခြင်း၊ သွားနှင့် သွားဖုံးကြားမှပြည်ထွက်ခြင်း (Periodontal Abscess) များခံစားရတတ်သည်။ (နောင်တွင် အလျဉ်းသင့်သလို သွားရောဂါများအကြောင်း ရေးသားတင်ပြပါမည်။)
၃။ သွား(ရောဂါ)ကုသမှုရာဇ၀င် (Dental History) နှင့် ဆေးကုသမှုရာဇ၀င် (Medical History) များကို သွားဆေးခန်းရောက်လျှင်ဖြည့်စွက်ရန် ကြိုတင်စဉ်းစားထားရမည်။
  • အဓိကအားဖြင့် ဆေးကုသမှုရာဇ၀င်က အရေးကြီးပါသည်။ မိမိတွင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ လေးဘက်နာရောဂါ (Rheumatic Fever)နှင့် သွေးအားနည်းရောဂါ (Anemia) စသည့် ရောဂါများရှိပါက ဆေးကုသမှုရာဇ၀င်တွင် မမေ့မလျော့ရေးသွင်းရန် လိုအပ်ပါသည်။
  • မိမိက မည်သည့်ဆေးများကို သုံးစွဲနေကြောင်း ဖြည့်စွက်ရမည်။
  • လိုအပ်ပါက သွားဆရာဝန်က မိမိကို ဆေးကုသမှုပေးနေသော ဆရာဝန်ထံဆက်သွယ်ရန် မိမိဆရာဝန်၏ ဖုံးနံပါတ်၊ Fax၊ ဆေးခန်းလိပ်စာများကို အဆင့်သင့်ပြင်ဆင်ထားရမည်။
  • အောက်ပါရောဂါများသည် သွားရောဂါကုသမှုမခံယူမှီ ဆေးကြိုတင် သောက်ခြင်း (Pre-Medication) ပြုလုပ်ရန် လိုအပ်ပါသည်။
  • Heart Murmurs ရှိခြင်း၊
  • နှလုံးတံခါးအတု (Artificial Valve) အစားထိုးထားခြင်း
  • မွေးရာပါနှလုံးရောဂါရှိခြင်း၊
  • လေးဘက်နာရောဂါဖြစ်ဖူးခြင်း၊
  • နှလုံးတွင် (Pace Maker) ထည့်သွင်းထားခြင်း၊
  • နှလုံးခွဲစိပ်မှု (Coronary By-pass Operation) ခံယူဖူးခြင်း၊
  • ခန္ဓာကိုယ်တွင် အဆစ်တု (Hip Joint/ Knee Joint Replacement) များဖြင့် အစားထိုးထားဖူးခြင်း၊
  • ကင်ဆာရောဂါကြောင့် (Radiotherapy or Chemotherapy) ခံယူဖူးခြင်း၊
  • ဆီးချိုရောဂါ (တခါတရံ ဆေးကြိုတင်သောက်ရန် လိုအပ်သည်)
  • ဆေးကြိုတင်သောက်ခြင်း (Pre-Medication) ဆိုသည်မှာ သွားရောဂါကုသမှုမခံယူမီ တစ်နာရီအလိုတွင် ပဋိဇီဝဆေး (Antibiotic) တစ်ခုခုကို (အသက်အရွယ်နှင့်ကိုယ်အလေးချိန်အရ တွက်ချက်ပြီး) ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း သောက်ခြင်းဖြစ်သည်။ ထိုသို့ မသောက်ပါက မလိုလားအပ်သော အကျိုးဆက်များ ဖြစ်ပွါးနိုင်သည်။
  • အထက်ပါအချက်များကို ကြိုတင်ပြင်ဆင်ထားပြီးပါက သင်၏အနေဖြင့် သွားရောဂါကုသမှုခံယူရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း တင်ပြလိုက်ပါသည်။


4 comments:

  1. ဆရာရှင့် ကျမသွားလေးတွေ အရင်က အရောင်ညီပါတယ်.. အမြဲလဲ ဂရုစိုက်ပါတယ်... ခုရက်ပိုင်းလေးတင်ပဲ သွားတွေ အရောင်က အရောင်ကြည်နဲ့ အပြစ်ရောသလိုမျိုးတွေ တွေ့လိုက်ရတာ အရမ်းလန့်သွားပါတယ်... ဘာဖစ်လို့ဒီလိုဖြစ်သွားတာလဲဆိုတာရော... ဘယ်လိုပြန်လုပ်ရမလဲ ဆိုတာလေးပါ ပြောပြပေးပါလားရှင့်.... ကျေးဇူးအထူးတင်ပါတယ်.. ဆရာ ကျန်းမာပျော်ရွှင်ပါစေနော်...

    ReplyDelete
  2. ကျွန်တော်အလုပ်များနေလို့ အခုမှပြန်ရေးရတာကို ခွင့်လွှတ်ပါ..သွားအရောင်ပြောင်းစေတာ အချက်နှစ်ချက်ရှိပါတယ်..တစ်ခုကအတွင်း(Internal Stain)နောက်တစ်ခုက(External Stain)ဖြစ်ပါတယ်..(Internal Stain)ကတော့သွားအမြစ်အတွင်းမှာ သွေးထွက်သွေးခဲ၊ ပြည်တည်တာတွေကြောင့် အရောင်အညိုမှအမဲအထိ ပြောင်းနိုင်ပါတယ်..သွားကိုထိခိုက်ဒဏ်ရာရလျှင် အဲ့ဒီလိုမျိုးဖြစ်နိုင်ပါတယ်..နောက်တစ်ခုက ငယ်ရွယ်စဉ်သွားဖွံ့ဖြိုးချိန်မှာ အရောင်ဖြစ်စေသောဆေးများ သောက်ခဲ့လျှင် အ၀ါမှအညိုအထိ ပြောင်းနိုင်ပါတယ်..နောက်တစ်ခုက သောက်သုံးရေမှာ Fluoride 1ppm ထက်များလျှင်သွားများ အဖြူရောင်ခပ်ညစ်ညစ် ဖြစ်လာနိုင်ပါတယ်..အပြင်အရောင်(External Stain)ပြောင်းစေတဲ့အကြောင်းကတော့ အစားအသောက်တွေမှာပါတဲ့အရောင်(Stain)တွေကြောင့်ဖြစ်နိုင်ပါတယ်.. ဥပမာ-ကော်ဖီ၊ ကိုကာကိုလာ၊ ပက်ပ်စီ၊ ၀ိုင်၊ ဆနွင်း(curry powder)၊ ငရုတ်သီးမှုန့် စတာတွေဖြစ်ပါတယ်..အခုဖြစ်နေတာကတော့ အပြင်အရောင်(External Stain)ကြောင့်ဖြစ်နိုင်ပါတယ်..လုပ်နိုင်တဲ့နည်းလမ်းက(၂)ခုရှိပါတယ်..မိမိကိုယ်တိုင်လုပ်ခြင်းနှင့် professionals(dentist hygienist)တွေဆီသွားခြင်းဖြစ်ပါတယ်..မိမိကိုယ်တိုင်လုပ်နိုင်တာကတော့ ခံတွင်းသန့်ရှင်းခြင်း(Oral hygiene)(စံနစ်မှန်သွားတိုက်ခြင်း၊Floss ဖြင့်သန့်ရှင်းခြင်း)ဖြစ်ပါတယ်.. ဒီ့ထက်ပိုလုပ်ချင်လျှင် Pharmacy များတွင်ရောင်းချသော Bleaching Strips များကိုအသုံးပြုနိုင်ပါတယ်..Professional procedures ကတော့(၆)လတစ်ကြိမ်သွားကျောက်ခြစ်ခြင်း၊ အရောင်တင်ခြင်း(Scaling, root planning and polishing)များကိုပထမအဆင့်ပြုလုပ်ပြီး သွားအရောင်ဖြူအောင်ပြုလုပ်နည်း(၂)နည်းရှိပါတယ်..ပထမနည်းကသွားပုံကိုယူပြီး Bleaching Trays များဖြင့်မိမိကိုယ်တိုင်အိမ်တွင် ပြုလုပ်နိုင်ပါတယ်..ဒုတိယနည်းကတော့ သွားအရောင်ဖြူစေသောဆေးကို သွားပေါ်တွင်သုတ်လိမ်းပြီး Zoom ခေါ်စက်ဖြင့် ၁၅မိနစ်သုံးကြိမ် အသုံးပြုရပါတယ်..သွားများဖြူစင်ခြင်း ကြာရှည်တည့်တံ့လိုလျှင် သွားပေါ်၌အရောင်တင်စေသော အစားအသောက်ဓါတ်ပစ္စည်းများကို ရှောင်ကြဉ်ခြင်းဖြင့် ဖြူစင်ဝင်းလက်သော သွားများပိုင်ရှင်ဖြစ်နိုင်ပါစေ...

    ReplyDelete
  3. ဆရာရှင့်​ ကျွန်​မအသက်​ ၃၀​ကျော်​မှာ သွားဖုံး​ပေါ်က​နေ သွားအံစွယ်​ထွက်​​နေပါတယ်​ ညာဘက်​က သွားစဖြူဖြူ​လေး မြင်​၇ပြီး ဘ်​ဘက်​က​တော့ သွားဖုံးေ၇ာင်​​နေပါတယ်​။ အံဆုံးနားက သွားဖုံး​ပေါ်မှာ ဖြစ်​​နေတာပါ။ ​ကျေးဇူးပြုပြီး အကြံဥာဏ်​​ပေးပါ ဆ၇ာ။ ​ငွေကုန်​​ကြေးကျ များနိုင်​သလား သိချင်​ပါတယ်​။

    ReplyDelete
  4. ဆရာခင်​ဗျာ့သွားအရင်​မှာ ဂျိုးတက်​​နေတာကို ဘယ်​လိုလုပ်​ရပါမလဲ?

    ReplyDelete