Sunday, May 10, 2009

ခံတွင်းသန့်ရှင်းရောဂါကင်း

ကျွန်ုပ်တို့၏ပါးစပ်(ခံတွင်း)သည် အစာစားရုံသက်သက်မျှသာ အသုံးဝင်သည်မဟုတ်ပါ။ ကျွန်ုပ်တို့ခန္တာကိုယ် ကျန်းမာရေးတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ပတ်သက်နေပါသည်။
  • ကျွန်ုပ်တို့ခံတွင်းထဲ၌ ပိုးပေါင်းများစွာရှိနေပါသည်။ ထိုပိုးများသည် ကျွန်ုပ်တို့ခန္ဓာကိုယ်တွင်း၌ ပုံမှန်အရေအတွက်ရှိနေလျှင် အန္တရာယ်ပေးနိုင်ပါသည်။ ဥပမာ- သွားပိုးစားရောဂါ (Dental Caries) ကိုဖြစ်စေနိုင်သော Lactobacillus Acidophilus အရေအတွက်များနေသောသူများတွင် သွားပိုးစားခြင်းပိုမို ဖြစ်နိုင်ကြောင်း သုတေသနပြုသူများကဆိုပါသည်။ အလားတူပင် သွားဖုံးရောင်ရောဂါ၊ ရေစီးကမ်းပြိုရောဂါ ဖြစ်စေနိုင်သော Bacteroides Melanogenicus ပိုးများနေပါက ထိုရောဂါကို ပိုမိုဖြစ်ပွားစေပါသည်။
  • အဓိကအားဖြင့် ပါးစပ်တွင်းမှပိုးများသည် သွားပေါ်ရှိအလွှာ Dental Plaque or Bacterial Plaque တွင်း၌ များစွာရှိနေသဖြင့် Dental Plaque ကိုဖယ်ရှားခြင်းဖြင့် ထိုပိုးအရေအတွက်ကို ကျဆင်းစေနိုင်ပါသည်။ Dental Plaque ကိုသာမာန်မျက်စိဖြင့် မမြင်နိုင်ပါ။ မြင်လိုပါက Disclosing Solution or Tablets များဖြင့် ထိတွေ့လိုက်ပါက Dental Plaque ရှိသည့်နေရာများတွင် အနီရောင်များမြင်ရခြင်းဖြင့် Dental Plaque ရှိကြောင်းသိရပါသည်။

  • ထို Dental Plaque ကို ဖယ်ရှားလိုပါက ခံတွင်းသန့်ရှင်းရေးနည်းလမ်းများဖြင့် ဖယ်ရှားနိုင်ပါသည်။ ခံတွင်းသန့်ရှင်းရေးနည်းလမ်းများကို တင်ပြပါမည်။ ရှေးအကျဆုံး ခံတွင်းသန့်ရှင်းရေးနည်းလမ်းမှာ ပလုပ်ကျင်းခြင်း (Mouth Wash) ပြုလုပ်ခြင်းဖြစ်ပါသည်။ ယခုအခါတိုးတက်ခေတ်မှီလာသော Mouth Wash များစွာရှိပါသည်။ Listerine, Listermint, Act, Crest Pro-health တို့သည် ယနေ့ဈေးကွက်တွင် ခေတ်စားနေသော Mouth Wash or Mouth Rinse များဖြစ်ပါသည်။ အကောင်းဆုံးမှာ 0.2% Chlorhexidine Glauconate (Peridex) ဖြစ်ပါသည်။ Peridex သည် Dental Plaque နှင့် ခံတွင်းအတွင်းမှ ပိုးများကိုလျော့ကျစေသည့်အတွက် သွားဖုံးရောင်ရောဂါ၊ ရေစီးကမ်းပြိုရောဂါရှင်များ အတွက်ထိရောက်သော ဆေးတစ်မျိုးဖြစ်ပါသည်။
  • ဒုတိယနည်းမှာ Mechanical ခေါ် ဖယ်ရှားခြင်းနည်းလမ်းဖြစ်ပါသည်။ ထိုနည်းမှာ မိမိကိုယ်တိုင်ပြုလုပ်ခြင်း နှင့် Professional Person များမှ ဆောင်ရွက်ပေးခြင်းဟူ၍ (၂)ပိုင်းပါဝင်ပါသည်။ Professional Person များမှ သွားဆရာဝန်နှင့် Oral Hygienist များဖြစ်ပါသည်။ ထို့ကြောင့်သွားဆရာဝန်ထံတွင် (၆)လတစ်ကြိမ် စစ်ဆေးခြင်းပြုလုပ်ပြီး၊ Scaling & Polishing ပြုလုပ်ခြင်းဖြင့် Dental Plaque များကို ဖယ်ရှားနိုင်ပါသည်။
  • မိမိကိုယ်တိုင်ပြုလုပ်သောနည်းလမ်း များစွာရှိပါသည်။ အချို့သူများသွားကြားထိုးတံဖြင့် သွားကြားများကို သန့်ရှင်းနိုင်ပါသည်။ ထိုနည်းသည်မည်မျှကြာအောင် အရိုးစွဲနေသည်မသိပါ။ သွားကြားထိုးတံထုတ်လုပ်မှု လုပ်ငန်းသည် တွင်ကျယ်သောလုပ်ငန်းတစ်ခုဖြစ်နေပါသည်။ သွားကြားထိုးတံအသုံးပြုသန့်ရှင်းခြင်းဖြင့် သွားဖုံးများကို တိုစေပြီးသွားကြားများကို ပိုမိုကြဲစေနိုင်ပါသည်။
  • အကောင်းဆုံးနည်းလမ်းမှာ Dental Floss ခေါ်ကြိုးလေးကို ဘယ်ညာလက်ညှိုးတဖက်စီတွင် တပတ်နှစ်ပတ်စီ ရစ်ပတ်၍သွားကြားများကို သန့်ရှင်းစေခြင်းဖြစ်ပါသည်။ အသုံးပြုကာစတွင် ခက်ခဲ သော်လည်း နောင်အသားကျလာသည့်အခါ မှန်ကြည့်စရာမလိုပဲ အသုံးပြုတတ်လာပါလိမ့်မည်။ Dental Floss ဖြင့် သွားကြားများကို ရှင်းလင်းပြီးမှသွားတိုက်ခြင်းသည် ပိုမိုကောင်းမွန်ပါသည်။ အချို့သွားသိပ်ကြဲ နေသူများအတွက် Interdental Brush ခေါ်အသေးစား Brush များဖြင့် သန့်ရှင်းနိုင်ပြီး Pharmacy များတွင် ၀ယ်ယူရရှိနိုင်ပါသည်။
  • မိမိကိုယ်တိုင်ပြုလုပ်သော ခံတွင်းသန့်ရှင်းနည်းများတွင် အထိရောက်ဆုံးမှာ စနစ်မှန်သွားတိုက်နည်း ဖြစ်ပါသည်။ သွားဖုံးရောဂါပညာရှင်များက သွားတိုက်နည်းများစွာညွှန်ကြားတတ်ပါသည်။ ထိုနည်းများထဲ မှအကောင်းဆုံးနည်းတစ်ခုကို တင်ပြပေးပါမည်။
  • ပထမဦးစွာ သွားပွတ်တံကိုရွေးချယ်ပါ။ အကောင်းဆုံးမှာ Soft Bristle ဖြစ်ပါသည်။ သွားပွတ်တံပေါ်တွင် သွားတိုက်ဆေးကိုတင်၍ သွားပေါ်တွင်အမြှုပ်ထအောင် ပြုလုပ်ပေးပါ။ ထို့နောက် သွားပွတ်တံအမျှင်များ ကို သွားပေါ်တွင်တ၀က်၊ သွားဖုံးပေါ်တ၀က်တင်ပါ။ ၄၅ ဒီဂရီခပ်စောင်းစောင်းတင်၍ တံပျက်စည်းလှည်း သကဲ့သို့ အပေါ်သွားဆိုလျှင်အပေါ်မှအောက်သို့၊ အောက်သွားဆိုလျှင် အောက်မှအပေါ်သို့တိုက်ပါ။ ညာဘက်အပေါ်မှစ၍ ဘယ်ဘက်အပေါ်၊ ဘယ်ဘက်အပြင်ဘက်၊ ရှေ့ဘက်နှင့်ညာဘက် အပြင်ဘက် တို့ကို အရင်တိုက်ပါ။ ပြီးလျှင်အတွင်းဘက်ကို အလားတူတိုက်ပါ။ ၀ါးသည့်မျက်နှာပြင် (Occlusal Surfaces) ကိုလည်းတိုက်ပါ။
  • သွားကိုဘေးတိုက်ဆွဲမတိုက်ရန် အရေးကြီးပါသည်။ ဘေးတိုက်ဆွဲတိုက်လျှင် သွားဖုံးများတိုသွားပြီး၊ သွားအမြစ်ပေါ်သည့် Abrasion ဖြစ်ကာ သွားများကျင်တတ်ပါသည်။ နောက်ဆုံးအနေဖြင့် လျှာပေါ်ကို ခပ်ဖွဖွတိုက်၍ ရှေ့သို့ဆွဲပေးပါ။ တနေ့နှစ်ကြိမ် တိုက်ပေးပါ။ ဤသို့ခံတွင်းကိုသန့်ရှင်းခြင်းဖြင့် Dental Plaque ကိုဖယ်ရှားနိုင်သည့်အပြင် Dental Plaque အတွင်းရှိပိုးများကိုလျော့နည်းစေပြီး သွားနှင့် သွားဖုံးရောဂါများမှ ကင်းဝေးနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

1 comment:

  1. Casino Trotting 101
    In a sense, slot machines 리턴 벳 are just one 오즈포탈 part of the game, and 저녁 메뉴 추천 룰렛 the casino 코인갤 also offers various promotions to For instance, there's a live betting 있는 section,

    ReplyDelete