Wednesday, July 29, 2009

ခံတွင်းအတွင်းမှအပူနာလေးများ


ကျွန်ုပ်တို့ခံတွင်းအတွင်း၌ အပူနာလေးများ မကြာခဏပေါက်ဖူးကြပါလိမ့်မည်။ လျှာ၊ ပါးစောင်၊ အပေါ်အောက်နှုပ်ခမ်း အတွင်းဖက်တို့မှာ အဖြစ်များတတ်ပါသည်။ ၂ရက် ၃ရက်ခန့်နာပြီး တပါတ်အတွင်း ပျောက်သွားတတ်ကြသည်။ ထိုအနာလေးများကို မြန်မာများက အပူနာဟုခေါ်ပြီး မိမိခန္ဓာကိုယ်အတွင်း အပူအပုပ်များ၍ ဖြစ်သည်ပာုယုံကြည်ကြပါသည်။မြန်မာ ဘယဆေးများဖြစ်သည့် အပုပ်ကျဆေး၊ ၀မ်းနှုပ်ဆေးများသုံးစွဲတတ်ကြပါသည်။
  • အနောက်တိုင်းဆေးပညာအနေဖြင့်Apthous Ulcer ပာုခေါ်သည်။ မိမိတို့၏ ခန္ဓာကိုယ်အမြှေးပါး ( Mucosa ) ပေါ်တွင် တခုခု ထိခိုက်မိလို့သော်လည်းကောင်း၊ Cell ကလပ်စည်းများပျက်င်္စီးခြင်း ကြောင့် သော်လည်းကောင်း၊ မိမိခန္ဓာကိုယ် နှင့် AutoImmune Reaction ဖြစ်ပြီး ထို Ulcer လေးများ ဖြစ်ပေါ်လာတတ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ထို Ulcers (အပူနာလေးများ) ဖြစ်တတ်ပါသည်။

Monday, July 27, 2009

သွားမေးရိုး မျက်နှာ ထိခိုက် ဒဏ်ရာရခဲ့လျှင်

သွားမေးရိုး မျက်နှာ ထိခိုက် ဒဏ်ရာရခဲ့လျှင်

  • ကျွန်ုပ်တို့ သည် နေ့ စဉ်သွားလာ၊ လုပ်ကိုင်လှုပ်ရှားနေကြရာ တချိန်ချိန်တွင်ထိခိုက်ဒဏ်ရာရနိုင်ပါသည်။ သာမာန်မတော်တဆထိခိုက်မှုမှ ကား ၊ စက်ဘီး ၊ ရထား ၊ မတော်တဆ ထိခိုက်မှုအထိ ကြုံနိုင်ပါသည်၊ ထိုကဲ့သို့ ကြုံလာလျှင် မိမိကိုယ်တိုင်သော်လည်းကောင်း ၊ တခြား သူများသော်လည်းကောင်း ကြုံလာပါက ဖြေရှင်းနိုင်ရန် ဒီဆောင်းပါးကိုရေးသားလိုက်ရပါသည်၊
  • ပထမဦးဆုံး ဦးခေါင်းနှင့် မျက်စိထိခိုက်ဒဏ်ရာရပါက အရေးကြီးဆုံးအချက် ၃ ချက်မှာ A- Air Way (လေလမ်းကြောင်း )၊ B-Breathing ( အသက်ရှူ ခြင်း) နှင့် C- Circulation ( သွေး သွားလာလည်ပတ်မှု) တို့ ဖြစ်ပါသည်။
  • အထူးသဖြင့် အောက်မေးရိုးကျိုး လျှင်အသက်ရှူ လမ်းကြောင်းကိုပိတ်တတ်သဖြင့် အသက်ရှူ မှုကို နှာခေါင်းအနီးအနား တွင်လေအသွားအလာကိုအကဲခတ်ခြင်းဖြင့် သိနိုင်သည်။ လည်ပင်းသွေးကြောကို လက်ညိုး ဖြင့် စမ်းသပ်ခြင်းဖြင့် သွေးခုန်မှုကို စမ်းသပ်နိုင်သည်။ အကယ်၍ အသက်မရှု ခြင်း ၊ သွေးခုန်မှုမရှိခြင်း တို့ ကိုစမ်း သပ်တွေ့ ရှိလျှင် CPR ( Cardio-Pulmonary Resuscitation) ပြုလုပ်ရပါသည်၊ထိုသို့ လုပ်ရန် အနီးအနားတွင် CPR လုပ်နိုင် ၊ လုပ်တတ် သူများကိုမေးကြည့် ရန် နှင့် မိမိ ကိုယ်တိုင်လုပ်တတ်ပါက အခြားသူများကို 911 ခေါ် ရန် အကူအညီ တောင်းပါ ၊ CPR ကို အသက်ပြန်ရှူ လာသည်အထိ သို့ မပာုတ် လူနာတင်ကား (Ambulance) ရောက်လာ သည်အထိ ပြုလုပ်ရန် လိုပါသည်။
  • ဦးခေါင်းနှင့် မျက်နှာတို့ တွင် ထိခိုက်ဒဏ်ရာ ရပါက သွေးပိုမိုတွက်တတ်ပါသည်။အဘယ့်ကြောင့်ဆိုသော် မျက်နှာ နှင့် ဦးခေါင်းတို့ တွင် သွေးအသွားအလာ ပိုများသောကြောင့် ဖြင့်သည်။ သွေးထွက်လျှင် လက်ကိုင်ပုဝါ သို့ မပာုတ် သန့် ရှင်းသော အ၀တ်ဖြင့် သွေးထွက်သည့်နေရာ ကိုဖိထားပေးခြင်း ဖြင့် သွေးထွက်မှုကို ထိန်းနိုင်ပါသည်။